ခွေးကတစ်မျိုး နွားကတစ်မျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခွေးကတစ်မျိုး နွားကတစ်မျိုး



ကမ္ဘာကျော် သူတောင်းစားများအုပ်စုက ဖြစ်စဉ်တစ်ခုအပေါ်မှာ အသံအမျိုးမျိုး ထွက်လာတာတွေ့ရတော့ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေအတွက် စိတ်မကောင်းဖြစ်ရသလို အသံမျိုးစုံထွက်နေတဲ့ သူတို့ရဲ့ အဖြစ်ကို ကြည့်ပြီးတော့လည်း အံ့သြမိပါတယ်။ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာ (၃၁-၅-၂၀၂၂)ရက်နေ့က ကားမှတ်တိုင်အနီး မိုင်းခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် ၁ဦး သေဆုံးပြီး၊ ၉ဦး အထိဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ NLD အစွန်းရောက် PDF (Yangon) က "စစ်ကောင်စီကို တော်လှန်ရင်း မရည်ရွယ်ဘဲ ထိခိုက်မိခြင်းဖြစ်သဖြင့် မိမိတို့အပေါ် နားလည်ပေးကြပါရန်နှင့် ထိခိုက်ခဲ့သော ပြည်သူများအား အနူးအညွတ်တောင်းပန်ပါကြောင်း" ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်အပေါ်မှာပဲ ပြည်ပသြဇာခံ လက်ပါးစေ ပြည်ပြေး အကြမ်းဖက် အုပ်စုဖြစ်တဲ့ NUG ရဲ့ ထုတ်ပြန်ချက်မှာကြတော့ စစ်ကောင်စီက ပြည်သူလူထုကို ဥပဒေမဲ့ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေမှုများကို အကာအကွယ်ပေးနိုင်ရန်အတွက် ပြည်သူ့ခုခံတွန်းလှန်စစ်ကို စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းများနှင့်အညီ ဆင်နွှဲလျက်ရှိကြောင်း၊ အဆိုပါစစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) များထဲရှိ စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်ရာတွင် စစ်အာဏာရှင်စနစ်၏ ယန္တရားများကိုသာ ချေမှုန်းရမည်၊ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရဟု ပါရှိပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း တဲ့။

ပြည်ပသြဇာခံ ပြည်ပြေး NUG တွေရဲ့ ဖြစ်ပုံက "လာတော့ လာတယ်။ လေးဘက်ကုန်းကြီး" ဆိုတာမျိုးဖြစ်နေပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဒီလုပ်ရပ်ဟာ ပြည်ဖျက်မီဒီယာတွေရဲ့ အသံနဲ့ တစ်ထပ်တည်းကျအောင် အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် ပျူစောထီး၊ သွေးသောက်အဖွဲ့ စသည်ဖြင့် အစွန်းရောက်လက်ပါးစေအဖွဲ့များ မွေးမြူကာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများကို အပြစ်ပုံချသည့် လုပ်ရပ်များစွာ ရှိကြောင်း၊ တရားမျှတမှု ပြန်လည်ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူသည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုပြီး ထုတ်ပြန်ထားလေရဲ့ဗျာ။

ပြဿနာတစ်ခုပေါ်လာတဲ့အခါ တာဝန်မခံချင်ရင် အပြစ်ကို လွှဲချတယ်။ ပြည်ပြေးတွေက ဘာကို စစ်ဆေးပြီး ဘယ်လို တရားမျှတမှုအတွက် ဖော်ထုတ်မှာလဲ ဆိုတာက လမ်းဘေးက ကလေကချေစကားလိုဖြစ်မနေဘူးလား။ ယုတ္တိမရှိတဲ့ စကားတွေနဲ့ လိမ်ညာဖုံးကွယ်ပေးနေလည်း လုပ်တဲ့သူကဖြင့် လုပ်ကြောင်း ထုတ်ပြန်ပြောဆိုပြီးနေပါပြီ။

ကျုပ်တို့အနေနဲ့တော့ ဘယ်သူဘယ်ဝါမှ မသေစေချင်လို့ အကြမ်းဖက်မှုတွေ မလုပ်ကြပါနဲ့တော့။ အဆုံးသတ်ကြပါတော့လို့ အစဉ်အမြဲတိုက်တွန်းလျက်ပါဗျာ။ ပြည်ပြေး NLD က ပြောသလို နစက ကသာ အကြမ်းဖက်သမားတွေအပေါ် ပြတ်ပြတ်သားသား ကိုင်တွယ်နေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီလိုစာတွေတောင် ရေးနေစရာမလိုပါဘူး။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေအတွက် စိုးရိမ်သောက ရောက်နေစရာလည်း မရှိပါဘူး။ ပြည်ပြေးတွေ ပြောသလို နစက အစိုးရက အကြမ်းဖက်သမားကိုလည်း ပြတ်ပြတ်သားသားမလုပ်၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်မှုမပေးနိုင်လို့ ပြစ်တင်ပြောဆိုနေရတဲ့ အခြေအနေဖြစ်ပါတယ်။

သူတို့တွေဖြစ်ပျက်နေပုံ အလုံးစုံကို ခြုံငုံသုံးသပ်လိုက်ရင် ပြည်ပြေး NUG နဲ့ ပြည်ဖျက်မီဒီယာ အုပ်စုက လုပ်ကြံဖန်တီးပြီး အသံတစ်မျိုးထွက်တယ်။ သူတို့ကို တင်စားမယ်ဆိုရင်တော့ အဝေးကဟောင်တဲ့ ခွေးတွေပေါ့။ ခွေးအုပ်စုကတော့ စီစီညံညံ နဲ့ တစ်သံဖန်တီးပြီးထွက်တယ်။ သူတို့ရဲ့ သြဇာခံ ပြည်တွင်းက ခိုင်းနွား PDF အကြမ်းဖက်သမားလေးတွေခမျာမှာတော့ NUG ရဲ့ အထောက်အပံ့ကို ရဖို့ သူတို့ရဲ့ ဆောင်ရွက်ချက်ဖြစ်ကြောင်းကို ထုတ်ပြန်ပြောဆိုတယ်။  တခြားသော ရဟန်းသံဃာတော်များကို သတ်ဖြတ်တဲ့အမှုတွေ၊ ဆရာ/ဆရာမတွေကို သတ်ဖြတ်ခဲ့တဲ့ အမှုတွေမှာ ပြည်ပြေး NUG အဖွဲ့က PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်ကို ကန့်ကွက်ပြောဆိုခြင်း၊ ဆန့်ကျင်ဘက်ပြုခြင်း အလျဉ်းမရှိဘဲ ရန်ကုန်မြို့ပေါ်၊ ကျောက်တံတားဖြစ်စဉ်ကြမှာ အသံတမျိုးပြောင်းသွားတာကလည်း PDF တွေအတွက် စဉ်းစားစရာ ဖြစ်နေမှာပေါ့။

ဘယ်သူသေလို့ ဘယ်ဝါသေလို့ ဝမ်းသာပီတိဖြစ်တဲ့အထဲမှာ ကျုပ်တို့မပါခဲ့ဘူး။ အရှင်းဆုံးပြောပြီးသားပဲ။ အကြမ်းဖက်မှုတွေကို အဆုံးသတ်ကြပါတော့။ ပြည်ပြေးတွေရဲ့ လှုံ့ဆော်မှုကြောင့် တိုင်းရင်းသားပြည်သူအချင်းချင်း သတ်ဖြတ်မနေကြပါနဲ့တော့။ ဒီစကားကိုပဲ တွင်တွင်ပြောပါတယ်။ PDF တွေကြားကို ကျုပ်တို့စကားတွေက ဘယ်နားပေါက်မလဲဗျာ။ ကျုပ်တို့က မေတ္တာရပ်ခံနေတာ။ ပြည်ပြေး NUG က ငွေပေးပြီး ခိုင်းစေနေတာဆိုတော့ ပြည်ပြေး NUG တွေရဲ့ စကားကိုပဲ သူတို့က အလေးထားမှာပေါ့။ ဆရာ/ ဆရာမတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ပြီး ဆုငွေ ယူမယ်။ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်ပြီး ဆုငွေယူမယ်။  ပြည်ပြေး NUG တွေကလည်း ပေးတာပေါ့။ သူတို့ ကိုယ်ပိုင်ပိုက်ဆံနဲ့ ပေးရတာ မှ မဟုတ်ဘဲ။ တိုင်းပြည်ဘဏ္ဍာထဲက ခိုးထားတာတွေ ရှိတယ်။ ပြည်ပက ရရှိထားတဲ့ အထောက်အပံ့တွေကနေ ပေးတယ်။ သူတို့မှာ ဆုံးရှုံးမှု ဘာမှမရှိဘူး။ ဘယ်သူသေသေ သူတို့မှာ ဝမ်းနည်းစရာလည်း မရှိဘူး။ အသေများလေ အထောက်အပံ့များများရလေ။ PDF အကြမ်းဖက်သမားတွေကလည်း သတ်နိုင်မှ ငွေရမှာဆိုတော့ သံဃာတော်လည်း မချန်၊ ဆရာ/ ဆရာမလည်း မချန် သတ်နေကြတာပဲ။ လက်နက်မဲ့ ပြည်သူတွေကို လိုက်သတ်နေတာ သတ္တိရှိတာလား၊ မိုက်ရူးရဲဆန်တာလား ဆိုတာတောင် သူတို့တွေ ဝေဖန်ပိုင်းခြားခြင်း မရှိတော့ဘဲ ငွေရဖို့ သတ်လို့ ရသမျှ သတ်တဲ့ အခြေအနေကို ရောက်နေပါပြီ။

PDF အကြမ်းဖက်အဖွဲ့က လုပ်ကြံသတ်ဖြတ်၊ ဖောက်ခွဲဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ခဲ့တာ မနည်းဘူးဗျာ။ ရန်ကုန်မြို့ဖြစ်စဉ်နဲ့ သိပ်မကွာပါဘူး။ ၃၁-၅-၂၀၂၂ ရက်နေ့မှာပဲ နောင်ချိုမြို့ ပညာရေးမှူးရုံးကို NLD အစွန်းရောက် PDF အကြမ်းဖက်အုပ်စုက ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ကျောင်းအုပ်ဆရာမကြီးတစ်ယောက် သေဆုံးရတယ်။ ကျောင်းအုပ်ဆရာ ၃ဦး၊ ဆရာ/ဆရာမ ၄ဦး၊ အရပ်သား ဝန်ထမ်း ၁ဦး ထိခိုက်ဒဏ်ရာရရတယ်။ ဒီကိစ္စအတွက်ကြတော့ NUG က ဘာမှ မထုတ်ပြန်ဘူး။  အလားတူပဲ သံဃာတော်တွေကိုသတ်၊ ဘုန်းတော်ကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီး၊ ငွေနဲ့ ကားကို လုယူတဲ့ လုပ်ရပ်တွေကိုလည်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေ ကျူးလွန်ခဲ့တာ အများကြီးရှိတယ်။ ဒီကိစ္စတွေအတွက်လည်း ပြည်ပြေး NUG အကြမ်းဖက်အုပ်စုက PDF အကြမ်းဖက်သမားတွေက ပြစ်တင်ပြောဆိုတာမျိုးမရှိခဲ့ဘူး။

ပြည်ပြေး NUG တွေက သူတို့ရဲ့ လက်ချက်မဟုတ်ပါဘူးလို့ အပြင်းအထန် ငြင်းဆန်ပြီး ထုတ်ပြန်လာတဲ့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ဖြစ်စဉ်မှာ သေဆုံးသွားရသူဟာ မွတ်စလင်ဖြစ်တယ်လို့ သတင်းတွေအရ သိရတယ်။ ဗုဒ္ဓဘာသာပဲထိထိ၊ မွတ်စလင်ပဲ ထိထိ၊ ဟိန္ဒူပဲ ထိထိ၊ ခရစ်ယာန်ပဲ ထိထိ ဘယ်သူပဲ ထိခိုက်သေဆုံးရသည်ဖြစ်စေ ဝမ်းနည်းစရာ မဟုတ်ဘူးလား။ လူလိုတွေးသူတိုင်း ဒီလိုပဲ တွေးကြလိမ့်မယ်ထင်ပါတယ်။ သို့ပေသော် ပြည်ပြေး NUG တွေက ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေကို သတ်နေတုန်းက၊ ဆရာ/ ဆရာမတွေကို သတ်နေတုန်းက အသံမထွက်ဘဲနဲ့ အခု မွတ်စလင်ထိခိုက်သေဆုံး ရတော့မှ အသံထွက်လာတယ်ဆိုတော့ သူတို့ရဲ့ တော်လှန်ရေးဟာ ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာကို သူတို့ရဲ့ ထုတ်ပြန်ချက်က ဝန်ခံသလို ဖြစ်နေတယ်။ 

ဒါနဲ့ ပတ်သက်ပြီး ပြည်ပြေးတော်လှန်ရေးသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ဖူးပြီး အခုအချိန်မှာ ပြည်ပြေးNUG တွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ထောက်ပြပြောဆိုနေတဲ့ သူရိယနေဝန်းဂျာနယ် ရဲ့ CEO ဦးမိုးဟိန်းက " ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ထိခိုက် ပျံလွန်တော်မူတုန်းက အသံမထွက်ခဲ့ကြတဲ့ NUG ဟာ ဒီနေ့ ရန်ကုန် ဗုံးပေါက်ကွဲလို့ ကုလား အချို့ ထိခိုက်တော့ ရှုတ်ချပါတယ်ဆိုပြီး အသံထွက်လာရော... NUG ရဲ့ သဘောထားအမှန်က ဘာလဲ/ဘယ်လဲ ဆိုတာ သိသင့်ပါပြီ။ ဘုရားစူး ဗုဒ္ဓဘာသာနိုင်ငံတော်ပါ။" လို့ ကျောက်တံတားဖြစ်စဉ်နဲ့ ပတ်သက်တဲ့ NUG ရဲ့ ထုတ်ပြန်ချက်ကို ပြဆိုပြီး ရေးသားပြောဆိုထားပါတယ်။ ဦးမိုးဟိန်း ပြောတဲ့ သဘောကို လိုတိုရှင်း အားလုံးသိမြင် နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။

ကျုပ်ကတော့ ဒီထက်ပိုပြီး ရှည်ရှည်ဝေးဝေး ပြောချင်နေတာတွေ ရှိတယ်။ ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ အခု လက်ရှိ တိုင်းပြည်တွင်းမှာ ပေါ်ပေါက်လျက်ရှိသော အကြမ်းဖက်အဖွဲ့မျိုးစုံသည် NLD ပါတီက ပေါက်ဖွားလာသော အကြမ်းဖက်အဖွဲ့အစည်းများသာ ဖြစ်ပါတယ်။ အစိုးရ NLD ဆိုတာကို အကာအကွယ်ပေးထားသည်ဖြစ်စေ၊ မျက်ကွယ်ပြုထားသည် ဖြစ်စေ အမှန်တရားကတော့ အမှန်တရားပါပဲ။ သံဃာတော်တွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ စော်ကားလာတာတွေကတော့ ကိုဖီအာနန် ကော်မရှင်ဖွဲ့စည်းစဉ်မှာ အမျိုးသားရေးကို အလေးထားတဲ့ ဆရာတော်သံဃာတော်တွေက သဘောမကျဘူး။ အခြေခံပညာရေးမှာ Sex Education ထည့်လာတဲ့အပေါ် သံဃာတော်တွေက ထောက်ပြဝေဖန်ခဲ့ကြတယ်။ သူတို့သွားချင်တဲ့ အနောက်ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာက ဆရာတော်သံဃာတော်တွေရဲ့ အမြင်က ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ခဲ့တယ်။ NLD ဝန်းရံသူ လစ်ဘရာယ်ဆိုသူများဟာ ဘာသာခြားတွေအကြိုက် ဗုဒ္ဓရဲ့ ဦးခေါင်းတော်ကို ထမီနဲ့ ပုံဖော်တာကစလို့ အမေရိကန်သံရုံးက ဗုဒ္ဓရုပ်ပုံတော်ကို Mask တပ်ပြီး ဖော်ပြတဲ့ ဘာသာရေးစော်ကားမှု လုပ်ရပ်တွေ NLD အစိုးရက ဘာတစ်ခုမှ အရေးယူခဲ့တာ မရှိပါဘူး။  အဆိုးဆုံးကတော့ NLD ဝန်းရံသူအဲဒီကစပြီး NLD အမာခံ ဒေါ်စုရဲ့ လုံခြုံရေးတာဝန်ပါထမ်းဆောင်ခဲ့ဖူးတဲ့ အဆိုတော်လင်းလင်းရဲ့ ယောက်ကထီး ချစ်သုဝေရဲ့ ဖခင်က ဒေါ်စုရုပ်ပုံမှာ ဗုဒ္ဓရဲ့ လက္ခဏာတော်ကို ထည့်သွင်းဖော်ပြတဲ့လုပ်ရပ် အရေးယူခြင်းမရှိသလို ဒေးဗစ်လား ဆိုသူက ကိုဗစ်ပိုးလာဖြန့်တဲ့ ကိစ္စ ဟိုးလေးတကျော်ကျော် ဖြစ်မှသာ မလွှဲသာလို့ အရေးယူလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တာတွေဟာ လိမ်ညာလို့ မရတဲ့ သမိုင်းမှန်တွေပါပဲ။ ဒီထက်မက ရည်ရွယ်ချက်ရှိ စော်ကားခဲ့တဲ့ လုပ်ရပ်တွေအများကြီးပါ။

NLD ကို ထောက်ခံသူ ဗုဒ္ဓဘာသာအများစု ရှိကြပါတယ်။ မြန်မာနိုင်ငံအတိုင်းအတာနဲ့ ဗုဒ္ဓဘာသာဟာ လူများစုလို့ ဆိုပေမယ့် ပြည်သူ့အစိုးရအဖြစ် ဂုဏ်ဆာချင်သူတွေဟာ ပြည်သူအများစုရဲ့ မျက်နှာကို ထောက်ထားခြင်းမရှိဘဲ ပေးကပ်ထောက်ပံ့သူများရဲ့ အလိုကျဖြစ်စေဖို့ကိုသာ ပုံဖော်ခဲ့ခြင်းဖြစ်ပါတယ်။ အာဏာရှိစဉ်ကတော့ စိတ်သွားတိုင်း ကိုယ်ပါ ဘာသာ သာသနာအပေါ် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို အဆုံးစွန် လုပ်ခဲ့ကြပါတယ်။ အာဏာလက်မဲ့ ဖြစ်သွားပြီး လက်နက်ကိုင် လမ်းစဉ်ပေါ်ကို ရောက်လာတော့ အဆုံးစွန် ယုတ်မာပက်စက်စွာ လုပ်လာကြပါတော့တယ်။

သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ ကို PDF အကြမ်းဖက်အဖွဲ့က လုပ်ကြံသတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်နေစဉ်က အလိုတူ အလိုပါဖြစ်ခဲ့တဲ့ ပြည်ပြေး NUG အကြမ်းအဖွဲ့ဟာ ရန်ကုန်မြို့ပေါ်မှာ မွတ်စလင်တစ်ယောက် ထိခိုက်သေဆုံးခဲ့ရတဲ့ လုပ်ရပ်မှာတော့ သူတို့ ရဲ့ လက်ချက်မဟုတ်ကြောင်း တွင်တွင်ငြင်းဆန်ပြီး စစ်ကောင်စီရဲ့ ပျူစောထီး၊ သွေးသောက်တွေပါလို့ လွှဲချပါတော့တယ်။ ယုတ္တိမတန်တဲ့ စကားတွေကို စီကာပတ်ကုံး ပြောလာကြပါတော့တယ်။

ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းအပါများဖြစ်တဲ့ ပြည်ဖျက်မီဒီယာ ခွေးတွေက အုံလိုက်ကျင်းလိုက် ဟောင်တာက တစ်မျိုး ပြည်တွင်းက ခိုင်းနွား PDF အကြမ်းဖက်သမားလေးတွေက တစ်မျိုး အသံမျိုးစုံထွက်နေတာကို အံ့သြလွန်းလို့ပါ။

မည်သို့ပင် အသံထွက်စေကာမူ ၎င်းတို့အားလုံးရဲ့ ဘုံရည်မှန်းချက်များကတော့ သူတို့ကို ငွေကြေး၊ လက်နက်ထောက်ပံ့ပေးကမ်းထားတဲ့ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများရဲ့ လိုလားချက် လူမျိုးလိမ် ကို အသက်သွင်းပြီး စဉ်ဆက်မပြတ်အော်နေဖို့၊ တိုင်းပြည် အလုံးစုံ ပျက်သုဉ်းရေးအတွက် ဗုဒ္ဓဘာသာနဲ့ ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ပဲ ဖြစ်ပါတယ်။ အများပြည်သူ အနေနဲ့ ကိုယ်စီးတဲ့ မြင်း အထီးမှန်း အမမှန်းမသိ မဖြစ်ကြပါစေနဲ့။ မိမိတို့ ထောက်ခံတဲ့ အဖွဲ့အစည်းဟာ မိမိတို့ ကိုးကွယ်ရာကို တိုင်းတပါးသြဇာခံ လက်ပါးစေများအဖြစ်နဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေတာတွေကို ဆင်ခြင်သတိနဲ့ သိရှိနားလည်နိုင်ကြပါစေကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)