ချောင်းဆုံမြို့နယ်၌ လုပ်ငန်းခွင်အကြို ဆရာ/ဆရာမများအား ရက်တိုမွမ်းမံသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်၌ လုပ်ငန်းခွင်အကြို ဆရာ/ဆရာမများအား ရက်တိုမွမ်းမံသင်တန်းဖွင့်လှစ်ပို့ချ

 


MNP - ဇွန်   ၄


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ လိုအပ်သည့် ဆရာ/ဆရာမများဖြည့်ဆည်းနိုင်ရေးနှင့် ကျောင်းလုပ်ငန်းခွင်တွင် လုပ်ငန်းဆောင်ရွက်ရာ၌ အဆင်ပြေစေရေးအတွက် ဆရာ/ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်းကို ယနေ့နံနက် (၉)နာရီက ချောင်းဆုံမြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။


 ရှေးဦးစွာမြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးမျိုးသိုက်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားကာ သက်ဆိုင်ရာသင်တန်းပြဆရာများက သင်တန်းပို့ချခဲ့သည်။ အဆိုပါသင်တန်းကို မြို့နယ်ပညာရေးမှူး ဒုတိယမြို့နယ်ပညာရေးမှူးနှင့် (ထက်/လယ်) ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီး စုစုပေါင်း (၁၅)ဦး တို့က သင်တန်းနည်းပြအဖြင့် ပို့ချပေးပြီး လုပ်ငန်းခွင်အကြို ဆရာ/ဆရာမ သင်တန်းသား(၇၅)ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းကာလမှာ ဇွန်လ (၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၇)ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)