နမ့်စန်မြို့နယ် အမှတ်(၉)ကျေးရွာတွင် ကိုယ်ထူကိုယ်ထ အစည်းအဝေးခန်းမဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့နယ် အမှတ်(၉)ကျေးရွာတွင် ကိုယ်ထူကိုယ်ထ အစည်းအဝေးခန်းမဖွင့်ပွဲကျင်းပ




MNP - ဇွန်   ၁၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၉) ကျေးရွာတွင် ကျေးရွာပိုင် ကိုယ်ထူကိုယ်ထ အစည်းအဝေးခန်းမသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ်(၅)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ကိုနှင့် ကျေးရွာတာဝန်ခံများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အမှတ်(၉)ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံ ဦးပေါလုတို့က အဆိုပါအစည်းအဝေးခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၅)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ကိုက ကိုယ်ထူကိုယ်ထ အစည်းအဝေးခန်းမဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။


အဆိုပါအစည်းအဝေးခန်းမမှာ အလျား ပေ(၆၀)၊ အနံ ပေ(၂၀)၊ တစ်ထပ်၊ သွပ်မိုး၊ အုတ်ညှပ် အမျိုးအစားဖြစ်ပြီး အဆောက်အဦကုန်ကျငွေ တန်ဖိုးမှာ ကျပ်သိန်း ၁၃၀ ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)