MNP - ဇွန် ၂၂
သထုံခရိုင်၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစားအစာနေဗီယာ မြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်၁၀နာရီက ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာရှိ တောင်သူ ဦးထွန်းဟန်၏ မြေတစ်ဧက၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ် ကိုင်ကြသူများ တက်ရောက် စိုက်ပျိုးခဲ့ကြသည်။
တိရစ္ဆာန် အစားအစာပင်နေဗီယာမြက် စိုက်ပျိုးခြင်းအားဖြင့် တိရစ္ဆာန်များအား လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ် ကျွေးမွေးရန်၊ ပြည်တွင်းကျွဲ၊ နွား၊ မွေး မြူရေးလုပ်ငန်းအတွက် အာဟာရဓာတ် မြင့်မားပြီး အထွက်နှုန်း ကောင်းသော တိရစ္ဆာန်အစာများ ဖူလုံစွာ သုံးစွဲနိုင်ရေးနှင့် နေဗီယာ မြက်ကို နွားစာအဖြစ် ကျွေးမွေးပါ က လိုအပ်သော အဟာရဓာတ် ပမဏများ ပြည့်ဝစေရန်ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျွဲ၊ နွား၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများသို့လည်း နေဗီယာမြက်စိုက်ပျိုး နိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေးလျက် ရရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ထူးနောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment