MNP - ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ တောင်သူ ဦးဝေလျှံသန်းပိုင် စိုက်ခင်းတွင် ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာမျိုးမြင့်က တိရစ္ဆာန်အစာပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ မျိုးမြင့်နှင့် ဌာနဆိုင်ရာများ၊ ပန်းပဲစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်၍ နေဗီယာမြက် ဝ.၀၁ ဧကကို စနစ်တကျ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်း - ရီရီမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment