လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး



MNP - ဇွန်   ၂၂


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာ များကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ပင်စင်လစာများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။


လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအနေဖြင့် ပင်စင်လစားများကို ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ပင်စင်လစားများကို တစ်ရက်တည်းသာ ထုတ်ပေးခြင်းမဟုတ်ဘဲ လစဉ်(၂၁)ရက်နေ့ နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ထုတ်ပေးသွား မည်ဖြစ်ကြောင်း၊ အငြိမ်းစားဝန်ထမ်းအနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူရာတွင် လူစုလူဝေး မဖြစ်ပေါ်စေခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန် ချက်နှင့်အညီ ရှိစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ကြီးကြပ်၍ စနစ်တကျစီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)