နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး



MNP ၊ ဇွန် ၁၃

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်မည့်လမ်းလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းနှင့် ရေရရှိရေးလုပ်ငန်းတို့အတွက် ငွေကြေးအဆိုပြုလွှာ စုစုပေါင်း Lot ၅ ခု တို့အား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်တင်ဒါကော်မတီဝင်များနှင့် ငွေကြေးအဆိုပြုလွှာတင်သွင်းထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)