သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံဆောင်ရွက်



MNP - ဇွန်   ၂၂


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် Phase11(Sinopharm)  ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ(၅၆၄၀)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။


သာကေတမြို့နယ်၌ ကျောင်းအ‌ခြေပြုအသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် Phase-11(Sinopharm)အား ဆက်လက်ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမှ ညနေ(၂:၀၀)နာရီအထိ ၃/ရန်ပြေ ရပ်ကွက်ရှိ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်း၊ (၅)ရပ်ကွက်ရှိ အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်း၊ ၃/မာန်ပြေရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းများတွင် ကာကွယ်ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၄၉၄)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီအောင် လမ်းညွှန်စီမံမှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်း ရှိ/မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ/ မရှိ၊ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(၄၆)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်း(၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈)ကျောင်းရှိ (၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်သည်။


သာကေတမြို့နယ်ရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား တာဝန်ရှိသူများမှ အရှိန်ဟုန်မြှင့် ထိုးနှံဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းဆေးထိုးနှံရန် အကျုံးဝင်သည့်လူဦးရေ(၁၆၈၄၆၆)ဦးရှိရာ ပထမအကြိမ်(၁၁၅၂၇၂)ဦး၊ ဒုတိယအကြိမ် (၉၈၈၄၅)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်းသိရှိရသည်။  


သတင်း - ဆောင်းနှင်းဖြူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)