MNP - ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း) တို့ပူးပေါင်း၍ တက္ကသိုလ်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီခွဲက နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ကြီးဒေါက်တာမြတ်သူနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်သစ်တောဦးစီးမှူး ဦးသိန်းသန်းထွန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအရာရှိများနှင့်ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၄၂၅)ဦးခန့် တက်ရောက်ကြပြီး စိန်ပန်းပင်၊ ခရေပင်၊ တပြေဘူတပင်၊ ကျူးဘားအုန်းပင်၊ တလုပ်စကားပင်နှင့် သစ်မျိုးစုံစုစုပေါင်းပျိုးပင် (၄၀၀)ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ရမည်းသင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရန်ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်စိုက်ပျိုးခြင်း၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး ရမည်းသင်းမြို့ဝင်၊ မြို့ထွက်နေများ၌ စုပေါင်းစိုက်ပျိုးခြင်းနှင့် တက္ကသိုလ်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး စသည့်ဖြင့် လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲများကို စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးထံမှ သိရသည်။
သတင်း - ဇော်ဝင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment