ဘိုကလေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီး ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေး ဩဝါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီး ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေး ဩဝါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲကျင်းပ



MNP - ဇွန်   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်ဝန်းအတွင်း၌ တာဝတိံသာစေတီတော်မြတ်ကြီးအား ၁၉၇၃ ခုနှစ်တွင် လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင် လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာအားနည်းခြင်းတို့ကြောင့် ယခုနှစ် ဧပြီ (၂၉)ရက်နေ့ နံနက် (၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်းပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ပြီး စေတီတော်မြတ်ကြီးအား ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် ယနေ့ မွန်းလွဲ (၂)နာရီအချိန်တွင် အောင်စကြာစေတီတော် တန်ဆောင်း၌ ဩဝါဒခံယူပွဲနှင့် ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပသည်။


အဆိုပါ အခမ်းအနားတွင် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှ တာဝတိံသာစေတီတော်မြတ်ကြီး တည်ဆောက်ရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေများအား ဩဝါဒဆရာတော်ကြီးများထံသို့ လျှောက်ထားခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသူကြသည့် မြို့နယ်စီမံအုပ်ရေးအဖွဲ့၊ တည်ဆောက်ရေး ကော်မတီဝင်များ၊ ဘုရားဒါယကာ/မများမှ ဩဝါဒဆရာတော်ကြီးများထံမှ ဩဝါဒကထာနာကြားခြင်း၊ ဘုရားဒါယကာ/မများမှ အလှူတော်ငွေများ ပေးအပ်ပြီး တည်ဆောက်ရေးကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းတို့ဖြင့် ကျင်းပခဲ့ကြောင်းနှင့် ယနေ့ကျင်းပသည့် ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် အလှူတော်ငွေ (၅၀၅)သိန်းရရှိပြီး တာဝတိံသာစေတီတော်ကြီး ပြန်လည်တည်ထားရန်အတွက် လိုအပ်သည့် ကုန်ကျမှုမှာ သိန်းပေါင်း(၅၀၀၀)ခန့်ရှိကြောင်း တည်ဆောက်ရေး ကော်မတီထံမှ သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)