MNP - ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခရိုင်အားကစားကွင်းတွင် ယမန်နေ့ညနေ(၄)နာရီအချိန်က ပြည်နယ်ဒုတိယ/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မြို့မိမြို့ဖဘောလုံးအသင်း ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နှစ်ဖက်ပြိုင်ပွဲဝင်အားကစားသမားများအား ဒိုင်အဖွဲ့မှ ဦးဆောင်၍ ကွင်းအတွင်းဝင်ရောက် ကာ ပြိုင်ပွဲအားစတင်ကျင်းပခဲ့သည်။ ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဘောလုံး အသင်းနှင့် မြို့မိမြို့ဖဘောလုံးအသင်းချစ်ကြည်ရေး ဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြပြီး ဌာနဆိုင်ရာ အသင်းမှ ၂ဂိုး မြို့မိမြို့ဖအသင်းမှ၁ဂိုးဖြင့် ဌာနဆိုင်ရာအသင်းက အနိုင်ရရှိခဲ့ သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားအားကျင်းပရာ အနိုင်ရရှိသော ဘောလုံးအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုငွေကျပ်(၅)သိန်းချီးမြှင့်ရာ ဒိုင်းဆုနှင့်အတူ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးလွင်က ကိုယ်စားပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖ၊ စီးပွားရေးလုပ်ငန်းရှင်များ စုပေါင်း၍ ရှမ်းပြည်နယ်ကိုယ်စားပြု ပိုက်ကျော်ခြင်းလက်ရွေးစင်အသင်းအား ငွေကျပ်သိန်း (၂၀)ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment