မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အသက် ၅ နှစ်မှ ၁၁ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အသက် ၅ နှစ်မှ ၁၁ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ



MNP - ဇွန်   ၃


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌  ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၁ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်၁၀နာရီက အထက (ခွဲ)ဈေးတန်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်နှင့် အဖွဲ့ဝင်များက ကြီးကြပ်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်ရန်  ပုံပြင်စာအုပ်၊ ရုပ်ပြ၊ ကာတွန်းစာအုပ်များအား ခင်းကျင်းပြသ ပေးခဲ့သည်။


ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အထက(ခွဲ)ဈေးတန်းရှိ အသက် ၅ နှစ်မှ ၁၁ နှစ်ထိ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ရရှိသော ကလေးများကို ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း စသည့် ကျန်းမာရေးစစ်ဆေးမှုများအား ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိသည့် ကလေးငယ် များကိုသာ ထိုးနှံပြီး မိနစ် ၃၀ ခန့် စောင့်ကြည့်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - သိန်းဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)