မချမ်းဘော့မြို့နယ် နန်ကတောက်ချောင်း ကိုယ်ထူကိုယ်ထကြိုး တံတားပြင်ဆင်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့နယ် နန်ကတောက်ချောင်း ကိုယ်ထူကိုယ်ထကြိုး တံတားပြင်ဆင်ပြီးစီး

 


MNP -  ဇွန်   ၁၂


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ နန်ကတောက်ချောင်း ကြိုးတံတားပြင်ဆင်ပြီးစီးမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီအချိန်၌ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ နန်ကတောက်ချောင်းကြိုးတံတားမှာ မချမ်းဘော့မြို့မှ (၁၄)မိုင်အကွာတွင်တည်ရှိ၍ ကိုယ်ထူကိုယ်ထ ကြိုးတံတားဖြစ်ကာ အရှည်ပေ(၂၀၀)နှင့် အကျယ်(၄)ပေရှိပြီး နန်ဘူယာန်ကျေးရွာနှင့် ဇော်ဂမ်ကျေးရွာတို့အား ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး ကျေးရွာ(၉)ရွာမှ ဒေသခံပြည်သူများ၏ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ သွားလာအသုံးပြုလျက်ရှိသည့် တံတားတစ်စင်းဖြစ်ပြီး ဇွန်လ ၉ရက်နေ့ကရေဖြင့် မျောပါလာသည့် သစ်ပင်ကိုင်းကြီး ချိတ်ညှိခဲ့မှုဖြစ်ပွားခဲ့သဖြင့် ပြန်လည်ပြင်ဆင်မှုကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ ညနေ ၅နာရီခန့်က ပြင်ဆင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။


နန်ကတောက်ချောင်း ကြိုးတံတားပြင်ဆင်ပြီးစီးမှုအခြေအနေအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဉာဏ်လင်းထွန်း၊ မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)