ရွှေတောင် မြို့နယ် တွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးတောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် တွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးတောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်




MNP - ဇွန်  ၂၅


ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီရွှေတောင်မြို့နယ်၏ ၂၀၂၂-ခုနှစ်၊ ဇွန်လအတွင်းကျေးရွာ ( ၁၀) ရွာစီစစ်ရွေးချယ်၍စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေးတောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ  ယမန်နေ့  မွန်းလွဲ (၁)နာရီအချိန်က ကျီး သဲကျေးရွာအုပ်စု၊  ရွာသာကျေးရွာသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ  ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ်ကျေးလက် ဒေဖွံ့ဖြိုး‌တိုးတက်‌ရေးဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ၊မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မန်နေဂျာ၊ မြို့နယ်ကျေးလက်လမ်းဦးစီးမှူး ၊‌မွေးမြူ‌ရေးနှင့်ကုသ‌ရေးဦးစီးဌာန၊မြို့နယ်လယ်ယာမြို့နယ်ကျန်းမာ‌ရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန တို့မှတာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပါအဝင် စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်း ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ဒေသခံပြည်သူများကမိမိတို့သိရှိလိုသည်များကို မေးမြန်း ရာသက်ဆိုင်ရာဌာနများကပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်။ 


ယင်းနောက် တက်ရောက်လာသော ဒေသခံတောင်သူများအား  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဒေါ်မြမြသွင်မှ EM မြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်ကို စုပေါင်းလက်တွေ့သရုပ်ပြမှုများ ပြုလုပ်‌ကာ ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)