လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့် ဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းအစီအစဉ် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့် ဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းအစီအစဉ် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်



MNP - ဇွန်   ၁၆


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းအစီအစဉ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းထွန်းက လှိုင်းဘွဲမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဘေးအန္တရာယ်လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောပစ္စည်းများ၊ ပစ္စည်းထားရှိသည့်နေရာ၊ လှိုင်းဘွဲမြို့နယ်တွင် ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ရဲမှူးဦးသိန်းထွန်း၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန ညွန်ကြားရေးမှူး၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်တို့က စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့သည်။


အဆိုပါ မြို့နယ်အဆင့် ဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းအစီအစဉ် အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၊ ကျေးရွာများမှ ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များက တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ လှိုင်းဘွဲမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)