MNP ၊ ဇွန် ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့်၂၀၂၂ခုနှစ်၊အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်"သတင်းစကား" လက်ကမ်းစာစောင်များကိုယမန်နေ့ နေ့လယ်ပိုင်းက သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန၊ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ကျင်းပပြုလုပ်သောစာစီစာကုံး ဆုပေးပွဲအခမ်းအနားသို့တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများအား(အခမဲ့) ဖြန့်ဝေ ပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ "သတင်းစကား" လက်ကမ်း စာစောင်တွင် ဝိုင်းဝန်းကာကွယ်မူးယစ် ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ ၊မူးယစ်ဆေးဝါး ပြဿနာနှင့်ဖွံဖြိုးတိုးတက်ရေး၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ် နည်းဗျူဟာ(၃)ရပ်နှင့်ဘက်ပေါင်းစုံမှတားဆီးနှိမ်နင်းကာကွယ်ရေး စသည်တို့အပြင် မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများပါဝင်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment