ရွှေတောင် မြို့နယ် တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခြင်းနှင့်ခြင်ဆေးဖျန်းခြင်း၊အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခြင်းနှင့်ခြင်ဆေးဖျန်းခြင်း၊အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်






MNP - ဇွန်   ၂၅


ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ရွှေတောင်မြို့နယ် တွင်ယနေ့နံနက် ရး၀၀နာရီက အခြေခံပညာကျောင်းများ  ဥပဓိရုပ်ကောင်းမွန်၍ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးများဆောင်ရွက်ခြင်းနှင့်ခြင်ဆေးဖျန်းခြင်း၊အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အထူးသန့်ရှင်းရေးဆောင်ရွက်ပြုလုပ်ခြင်း နှင့် ခြင်ဆေးဖျန်းခြင်း၊

အဘိတ်ဆေးခတ်ခြင်းတို့ကိုရွှေတောင် အထက ကျောင်း ၊ကြာနီကန်အထက ကျောင်းတို့တွင်ပြုလုပ်ဆောင်ရွက်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊  ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ကြာနီကန်ရပ်ကွက် ၊ယွန်းတန်းရပ်ကွက်နှင့်သရက်တောရပ်ကွက်တို့မှအုပ်ချုပ်ရေးအဖွဲ့ဝင်များစုစုပေါင်းအင်အား (၄၈၅)ဦးခန့်ဖြင့် ပေါင်းမြက်များ၊ချုံနွယ်များ၊ အမှိုက်သရိုက်များ ဖယ်ရှား ရှင်းလင်းခြင်း၊ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပြုလုပ်ခဲ့ပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ် သုံးစီးဖြင့် စည်ပင်သာယာအမှိုက်ကန်သို့ စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။ 


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)