၂၀၂၂-၂၀၂၃ ပညာသင်နှစ် လ၊ထ၊မူလတန်းပြခန့်ထားရန် ရက်တိုမွန်းမံသင်တန်းဖွင့်ပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် လ၊ထ၊မူလတန်းပြခန့်ထားရန် ရက်တိုမွန်းမံသင်တန်းဖွင့်ပွဲ



MNP - ဇွန်   ၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃)အခြေခံပညာအထက်တန်း ကျောင်း သီရိမင်္ဂလာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြခန့်ထားရန် ရက်တိုမွန်းမံသင်တန်းကို ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပ သည်။


ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များမှာ ၂၁ရာစုသင်နည်းများ၊ ဆရာအတတ်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဆရာ့ကျင့်ဝတ်/ ဥပဒေ(နည်းဥပဒေ)၊ ခွင့်အမျိုးအစားများ စသည့် ဘာသာရပ်များကို နည်းပြဆရာငါးဦးမှ သင်တန်းသား (၆၈)ဦးအား သင်တန်းကာလ ဇွန်လ ၄ ရက်မှ ၁၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အခမ်းအနားတွင် ဥတ္တရခရိုင် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိဦးမြင့်ဇော်၊  ပုဗ္ဗသီရိမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်လှ၊ ဦးဝေလင်းအောင်၊ အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်း နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။


သတင်း - မျိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)