မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ





MNP - ဇွန်   ၁၀


မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက တက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကိုကျင်းပရာ ဓာတုဗေဒအသင်းနှင့် မြန်မာစာအသင်းတို့ အကျိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲကို တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဓာတုဗေဒအသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။


ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြင့်ပွဲဆက်လက်ကျင်းပရာ ပြိုင်ပွဲတစ်လျှောက် တာဝန်ယူဆောင်ရွက်ပေးကြသည့်ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်၊ (၂)ယောက်တွဲပြိုင်ပွဲနှင့် (၃)ယောက် တွဲပြိုင်ပွဲတို့တွင် တတိယ၊ ဒုတိယနှင့် ပထမရရှိကြသောအသင်းများမှ အားကစားသမားများအား လည်ဆွဲဆု၊ အကောင်းဆုံးအားကစားသမားဆုများကို ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် (၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ပထဝီဝင်အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဓာတုဗေဒအသင်းတို့အား တံခွန်စိုက်ဆုဖလားတို့ကို ပါမောက္ခချုပ်ဒေါက်တာဝင်းဝင်းသန်းက ပေးအပ်ချီးမြှင့်သည်။ အဆိုပါ (၂)ယောက်တွဲပြိုင်ပွဲနှင့် (၃)ယောက် တွဲပြိုင်ပွဲတို့တွင် ပြိုင်ပွဲဝင်အသင်း(၇)သင်းစီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဇွန်လ(၇)ရက် မှ(၉)ရက်ထိကျင်းပခဲ့ကြောင်း သိရသည်။


သတင်း- ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)