မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ



MNP - ဇွန်   ၁၈   


မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို တစ်ပြေးညီ ကျင်းပပြုလုပ်လျက်ရှိရာ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်လည်း လမ်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူပေါင်း၍  မန္တလေး-လားရှိုး ကားလမ်း မိုင်တိုင်အမှတ် ၃၄/၀ မှ ၅၅/၁ ကြား၌ ယနေ့ နံနက်ပိုင်းက သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ရာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀၀)ဦးခန့်တို့က တက်ရောက်စိုက်ပျိုးကြသည်။ 


ထို့နောက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးကြသည်။ အဆိုပါ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတွင် ချယ်ရီပင် (၁၃၅၀)ပင်အား စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။


အလားတူ ယနေ့ နံနက် (၇) နာရီအချိန်က ပြင်ဦးလွင်ဂေါက်သီးရိုက်အသင်းတွင်လည်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပြင်ဦးလွင်ဂေါက်သီးရိုက်အသင်းမှ ဥက္ကဋ္ဌနှင့် အသင်းသား များ၊ ဝန်ထမ်းများက ခါတော်မှီ အပင် (၅၇၀) ပင် ၊ ချယ်ရီ (၁၄၅) ပင်၊ ပရုတ်ပင် (၄၅) ပင် ၊ မဟော်ဂနီ (၆၃) ပင်၊ စိန်ပန်း(ပြာ) ၁၂၇ ပင်၊ စိန်ပန်း (နီ) ၁၁၈ ပင်နှင့် မိုးမခပင် (၁၃၂) ပင်၊ စုစုပေါင်း (၁၂၀၀) ပင်တို့အား သတ်မှတ် နေရာများ အသီးသီးတွင် စုစုပေါင်း အင်အား (၃၉၀) ဦးဖြင့် တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)