MNP - ဇွန် ၃၀
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ(၆)လနှင့် အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးရန်လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအား ရှင်းလင်းဖတ်ကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာရန်နိုင်က ချင်းပြည်နယ်၏ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ မြို့နယ်အလိုက် ၂၈.၆.၂၀၂၂ ရက်နေ့အထိ အသက်(၁၈)နှစ်အထက်နှင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေနှင့် မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများကို လည်းကောင်း၊ တက်ရောက်လာကြသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပေးပို့သည့် Bill Board (ပိုစတာ) စိုက်ထူရေး၊ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံရန် ဆောင်ရွက်ထားရှိမှု၊ အခြေခံပညာ အထက်တန်းကျောင်းများတွင် ခြင်ဆေးဖြန်းမည့်အစီအမံများနှင့်ယခုပညာသင်နှစ်တွင် ကျောင်းသုံး ပုံနှိပ်စာအုပ်များ သက်ဆိုင်ရာမြို့နယ်များသို့ အချိန်မီသယ်ယူပို့ဆောင်ပေးနိုင်ရေးတို့နှင့် ပတ်သက်၍ သက်ဆိုင် ပြည်နယ်အစိုးရအဖွဲ့ဝင် ပညာရေးဝန်ကြီးနှင့်ပြည်နယ်ပညာရေးမှူးတို့မှ စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၆)လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေးနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ တစ်မြို့နယ်ချင်းအလိုက် သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ၂၈.၆.၂၀၂၂ ရက်နေ့အထိ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရန် လျာထားမှုအခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များအား Software Programဖြင့် ထည့်သွင်းနိုင်ရေး ဆောင်ရွက်မည့်အခြေအနေ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့် ပတ်သက်၍ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment