MNP - ဇွန် ၁၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးကိုနားလည် မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲ အချိန်က တံတားဦးမြို့နယ် အမှတ်(၃)ရပ်ကွက်၊ နကျော်ဒရပ် တံတားဦးမြို့ သာယာဦးဂိတ်အနီးနှင့် အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ တံတားဦးမြို့ BDC ဂိတ်အနီးတို့၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများတို့က စိုက်ပျိုးပေးကြသည်။
ထို့နောက် တက်တောက်လာသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်ပျိုးပင်များကို တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးပြသည်။ အဆိုပါ မိုးရာသီလူထုစုပေါင်းစိုက်ပျိုးပွဲတွင် မြို့အဝင် BDC ဂိတ်အနီးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပျိုးဥယျာဉ်မှ တပေဘူတ ပျိုးပင် (၅၀)ပင်နှင့် ယူကလစ်ပျိုးပင် (၅၀)ပင်တို့ကိုလည်းကောင်း၊ မြို့အထွက် သာယာဦးဂိတ်အနီးတွင် မြို့နယ် သစ်တောဦးစီးဌာနပိုင် ပျိုးဥယျာဉ်မှ နှစ်ပေအမြင့်ထက် စိန်ပန်းပျိုးပင် (၅၀)ပင်နှင့် ကုက္ကိုလ်ပျိုးပင် (၅၀)ပင် စိုက်ပျိုးကြကြောင်း သိရသည်။
သတင်း - ရဲတင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment