၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းဖွင့်





 

MNP ၊ ဇွန် ၃

အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲကို ဇွန်(၃)ရက် နံနက်(၁၀)နာရီက မိုးလုံလေလုံ အားကစားရုံ အား/ကာသိပ္ပံ (တောင်ကြီး)၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ကအားထားရမည့် တစ်နည်းအားဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို နိုင်ငံတကာ အားကစားပြိုင်ပွဲများအလယ်တွင် မြှင့်တင်ပေးနိုင်မည့် အားကစားသမား လူငယ်များ မွေးထုတ်ပေးနိုင်သည့် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းကို နှစ်စဉ်ရည်မှန်းချက်များ အတိုင်း အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်သည့်အတွက် မြန်မာ့အားကစား လောကအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်နေ့၊ ရှမ်းပြည်နယ်အတွက် ဂုဏ်ယူစရာအပေါင်းနှင့် ပြည့်စုံသည့်နေ့လို့ သတ်မှတ်လို့ရပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ထပ်မံလိုအပ်လျက်ရှိသော သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် သင်တန်းသား၊ သင်တန်းသူများကို ၂၀၂၂ခုနှစ် ဧပြီလနှင့် မေလတို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့မှ ပဏမအဆင့် ရွေးချယ်ခဲ့ပြီး ၂၀၂၂ ခုနှစ် မေလ(၆)ရက်မှ(၂၀)ရက်နေ့များတွင် အပြီးသတ်ရွေးချယ်မှုအရ ရှမ်းပြည်နယ် မြောက်ပိုင်းမှ(၁၅)ဦး၊ အရှေ့ပိုင်းမှ(၈)ဦး၊ တောင်ပိုင်းမှ(၅၅)ဦး၊ စုစုပေါင်း(၇၈)ဦးတက်ရောက်သင်ကြားကြမည်ဖြစ်ကြောင်း၊ ယနေ့အားကစားလောကမှာ အောင်မြင်နေသည့် အားကစားသမားများကို လေ့လာကြည့်ရင် အားကစားနှင့် ကာယသိပ္ပံမှမွေးထုတ်ပေးလိုက်သည့် လူငယ်အားကစားသမားများသည် မြန်မာ့လက်ရွေးစင်အဖြစ်နှင့် ယှဉ်ပြိုင်အောင်မြင်နေကြသည်ကို တွေ့ရပါကြောင်း၊ ယနေ့သင်တန်းတက်ရောက်မည့် လူငယ်မောင်မယ်များကို ဇွဲ၊ လုံ့လဝီရိယ အရင်းခံပြီး အားသွန်ခွန်စိုက်ကြိုးစားကြရန် ပြောကြားသည်။


ဆက်လက်၍ အားကစားအထောက်အကူပြု ပစ္စည်းများနှင့်အလှူငွေများပေးအပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှပိုက်ကျော်ခြင်း အခင်း၊ တိုင်၊ ဒိုင်ထိုင်ခုံ ၊ ခြင်းလုံး၊ ဘော်လီဘောအခင်း၊ ဘော်လီဘော ၊ ဘောလုံး၊ စုစုပေါင်းတန်ဖိုးကျပ် (၁၇၉၄၉၄၈၀) (တစ်ရာနှစ်ဆယ့်ကိုးသိန်းလေးသောင်း ကိုးထောင်လေးရာ ရှစ်ဆယ်)နှင့် ငွေကျပ် (၁၀)သိန်း တို့ကိုပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး အလှူရှင် ကုမ္ပဏီများမှ လှူဒါန်းသောအလှူငွေများကို ပြည်နယ်လူမှုရေးဝန်ကြီးဦးအောင်မြင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးတို့မှ လက်ခံရယူပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီးခန်းမအတွင်း ခင်းကျင်းပြသထားသော  နိုင်ငံတော်မှ ထောက်ပံပေးသည့် အားကစားပစ္စည်းများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော အားကစားပစ္စည်းများကို ကြည့်ရူသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ကျား(၄၄)ဦး၊ မ(၅၈)ဦး စုစုပေါင်း(၁၀၂)ဦး တက်ရောက်ကြသည်။ ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)  ဘောလုံးကွင်းအတွင်း မြက်စိုက်ထားရှိမှုနှင့် ရေကူးကန်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုကြ ကြောင်း သိရသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အေးသာယာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၈)နှစ်မှ အသက်(၁၂)နှစ်အထိ ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေး Sinopharm ထိုးပေးနေမှု ၊သွေးပေါင်ချိန်တိုင်းတာပေးနေမှု တို့ကိုကြည့်ရှု၍ Grade(9)၊ Grade(8)၊ တို့တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား စာသင်ကြားနေမှုကို ဝင်ရောက်ကြည့်ရှုကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက သားတို့သမီးတို့ ပညာကိုသာ ကြိုးစားသင်ကြားရန် ကျောင်းမတက်ရသေးသည့် သူငယ်ချင်းများရှိပါက ဖိတ်ခေါ်ပါ၊ အိမ်နှင့်ကျောင်းကိုသာသွားကြရန် ကျန်းမာရေးဂရုစိုက်ကြရန်နှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးပြီးသော်လည်း maskကို အမြဲတပ်ဆင်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)