ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

 


MNP - ဇွန်   ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက  မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၉၂၀) ဦးထံသို့ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၏ လူမှုကျန်းမာရေး ကိစ္စရပ်များအဆင်ပြေစေရန်နှင့် ဘိုးဘွားများ၏ ကျန်းမာရေးအတွက် အထောက်အကူပြု နိုင်စေရန်ရည်ရွယ်၍ သွားရောက်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီးထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်များအလိုက်  လူမှုရေးပင်စင်အကျုံးဝင်သည့် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား တစ်လလျှင် ကျပ် (၁၀၀၀ဝ) နှုန်းဖြင့် (၃)လစာ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝ) နှုန်းဖြင့် ဘိုးဘွား (၉၂၀) ဦးအတွက်  ပေးအပ်လျက်ရှိရာ ပေးအပ်ရန်ကျန်ရှိသည့် ဘိုးဘွား များအား ဆက်လက်ထောက်ပံ့ပေးအပ် ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ၊ ရပ်ကွကအုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွား များထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ထို့သို့ထောက်ပံ့ငွေများ ထပ်မံရရှိပါကလည်း ဘိုးဘွားများအား ဆက်လက်လိုက်လံ ပေးအပ်သွားဦးမည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - သက်မင်းဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)