ပခုက္ကူတက္ကသိုလ်၌ စီမံရေးရာဝန်ထမ်းများအတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ အခြေခံကျွမ်းကျင်မှု သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ စီမံရေးရာဝန်ထမ်းများအတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ အခြေခံကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်



MNP - ဇွန်   ၁၇


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ စီမံရေးရာဝန်ထမ်းများအတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က တက္ကသိုလ် ကျောင်း၏ အောင်မြင်တိုးတက်ရေးအတွက် အဓိက အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်နေကြသည့် စီမံရေးရာဝန်ထမ်းများ၏ အရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲလာသော အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများကို လက်လှမ်းမီပြောဆိုလုပ်ကိုင် ဆောင်ရွက်တတ်စေရန်၊ မိမိတတ်မြောက်သော ပညာရပ် များဖြင့် မိခင်တက္ကသိုလ်ကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်အမြဲကူညီ ဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံကျွမ်းကျင်မှုသင်တန်း သင်တန်းနည်းပြ ဆရာ၊ ဆရာမ များက တစ်ဦးချင်းမိတ်ဆက်ပြီး သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို အသီးသီးရှင်းလင်းတင်ပြကြပြီး ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခများ၊ ဘာသာရပ်ဌာနများအလိုက် ပါမောက္ခ(ဌာနမှူး)များက သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြသည်။


ပခုက္ကူတက္ကသိုလ်၌ဖွင့်လှစ်မည့် အင်္ဂလိပ်စာအခြေခံကျွမ်းကျင်မှုသင်တန်းမှာ ၂၀၂၂ခုနှစ်၊ ဇွန်လ (၁၆) ရက်မှ ဇူလိုင်လ (၁၅)ရက်နေ့အထိ သင်တန်းကာလ တစ်လကြာဖြစ်ပြီး ဆရာ၊ ဆရာမ (သင်တန်းသား၊ သင်တန်းသူ) ၆၃ ဦး တက်ရောက်မည်ဖြစ်ကြောင်း၊ ကွန်ပျူတာအခြေခံကျွမ်းကျင်မှု သင်တန်းမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၆) ရက်မှ ဩဂုတ်လ (၁၅) ရက်နေ့အထိ သင်တန်းကာလ နှစ်လကြာဖြစ်ပြီး ဆရာ၊ ဆရာမ (သင်တန်းသား၊ သင်တန်းသူ) ၄၄ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)