ဂွမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံ ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံ ပေးလျက်ရှိ






MNP ၊  ဇွန်     ၆

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား “ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများ ခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၁၈၄)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနိုင်ခဲ့ပြီး မိဘအုပ်ထိန်းသူများရဲ့ သဘောတူ ခွင့်ပြုချက်အရ ယနေ့နံနက်ပိုင်းမှ စ၍  ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အ.ထ.က (ဂွမြို့)စုရပ်တွင် အ.လ.က(ခွဲ) အလယ်ရွာ၊ မူလွန်(သိမ်တမံ) နှင့် အ.လ.က(ခွဲ) ကင်းရုံးကျောင်းများမှ ကျောင်းသား/သူများအား လည်းကောင်း၊ ကျိန္တလီအ.ထ.က စုရပ်၌ အ.မ.က(စံပြ)၊ အ.မ.က(ကွင်းစု)၊ အ.မ.က(ပုန်းညှက်)၊အ.မ.က(ဖိုးလှောင်ကွင်း)၊ အ.မ.က(ဂျိတ်တောင်)၊ အ.မ.က(ကိုင်းတောကွင်း)၊ အ.မ.က(ကျောက်ပါးစပ်)၊ အ.မ.က(သဖန်းကွင်း) ကျောင်းများမှ ကျောင်းသား/ သူများအား လည်းကောင်း၊ ဆပ်သွား အ.ထ.က စုရပ်၌ အ.ထ.က(ဆပ်သွား)၊ မူလွန်(ဆင်ကူး)၊ အ.မ.က(ကျောက်ချပ်)၊အ.လ.က(ခွဲ) (သာယာချိုင်)၊ အ.လ.က(ခွဲ) ဂျိုင်ကောက်၊ အ.မ.က (သံခဲချိုင်)ကျောင်းများမှ ကျောင်းသား/ သူများအား လည်းကောင်း ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသည့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ဇွန်လ(၇)ရက်နေ့များနှင့် ဇွန်လ(၈)ရက်နေ့များတွင် ကာကွယ်ဆေးများ  ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)