စဉ့်ကူးမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


MNP ၊  ဇွန်  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စဉ်ကူးမြို့နယ်စည်ပင်သာယာခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စဉ့်ကူးမြို့နယ် ဆရာဝန်ကြီး ဒေါက်တာမြင့်သိန်းဦး က သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အပတ်စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အဘိတ်ဆေးခတ်နည်းများနှင့် အပတ်စဉ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ပြန်လည်တင်ပြရေး စသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 


ထို့နောက် ကျန်းမာရေးမှူးအဆင့်(၁) ဦးကျော်မိုးအောင် နှင့် ရောဂါနှိမ်နင်းရေးကျန်းမာရေးမှူး ဒေါ်ယဉ်မင်းထိုက် တို့က သွေးလွန်တုတ်ကွေးရောဂါကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူ များအားလုံးက သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)