MNP ၊ ဇွန် ၂၉
ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် MSME Agency နာယက၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းမှာရှိသည့် MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မိမိတို့၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ ဆွေးနွေးမှုရလာဒ်များအပေါ်အခြေခံပြီး မိမိတို့ပြည်နယ်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းမှာရှိသော MSME လုပ်ငန်းများ ကဏ္ဍအလိုက်ဖွံ့ဖြိုး တိုးတက်ရန်အတွက် အကောင်အထည်ဖော်ဆောင်သည့်အခါ သက်ဆိုင်ရာအစိုးရအဖွဲ့၊ MSME Agency အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက အဓိကပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ သဘာဝအခြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး ထုတ်ကုန်အသစ်များ၊ တီထွင်ဆန်းသစ်သော ထုပ်ပိုးမှုပုံစံများဖြင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်ရောင်းချနိုင်ရေးနှင့် ဈေးကွက် ရရှိရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများ အနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလို ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ် MSME Agency ဥက္ကဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ပြည်နယ် MSME Agency တွဲဘက်အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်စုစုခိုင်တို့က လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် တက်ရောက်လာကြသော အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင် များက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မိမိတို့လုပ်ငန်းအလိုက် လိုအပ်သည်များ ကိုဆွေးနွေးတင်ပြကြရာ ပြည်နယ် MSME Agency အဖွဲ့ဝင်များက ဆောင်ရွက်ပေးနိုင်မည့် အခြေအ နေများကို ပြန်လည်ရှင်းလင်ဆွေးနွေးပေးကြသည်။ ယင်းနောက် ပြည်နယ် MSME Agency အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြန်လည်သုံးသပ်ဆွေးနွေးပေးပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment