မြစ်ကြီးနားမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ



MNP - ဇွန်   ၁


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ  လစဉ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက   စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ရပ်ကွက်ကျေးရွာများ သန့်ရှင်းသာယာလှပရေးနှင့် မိုးရာသီကာလဖြစ်သောကြောင့် ရေစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက  မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များ၊ သိရှိလိုသည်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)