ပုဏ္ဏားကျွန်းမြို့၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 



MNP - ဇွန်   ၂၅


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဦးစီး၍ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်ရည်ရွယ်၍ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့၊ နံနက် ၇ နာရီက ပုဏ္ဏားကျွန်းစက်မှုဇုံအနီး၊ စစ်တွေ-ရန်ကုန်ကားလမ်းမကြီး ဝဲ၊ ယာ တစ်လျောက်တွင် စိုက်ပျိုးပေးခဲ့ကြသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ နှင့် စေတနာ့ဝန်ထမ်း စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ကံ့ကော် ၁ ပင်၊ ခရေ ၁ ပင်၊ ပတောက် ၁ ပင်၊ မန်ဂျန်ရှားပျိုးပင် (၂၀၀)၊ စုစုပေါင်းပျိုးပင် ၂၀၃ ပင်ကို စနစ်တကျ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


သတင်း - နီထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)