တံတားဦးမြို့နယ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်

 


MNP - ဇွန်   ၄


ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းပြီး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အင်းဝပြတိုက် ဧရီယာအတွင်း၌ ဆောင်ရွက်ကြကြောင်း သိရသည် ။


လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းတွင် မြို့နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်က မီးသတ်ဦးစီးဌာနအနေဖြင့်  မီးဘေး ၊ ရေဘေး ၊ လေဘေး ၊ ငလျင်ဘေး စရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံပြန်ရေးဆိုင်ရာ လုပ်ငန်းများအချိန်နှင့်တပြေးညီ ဆောင်ရွက်နေကြောင်း ၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားပြီး မီးသတ်ဆေးဘူးထားရှိခြင်း ရှိ/မရှိ ၊ မီးသတ်ဆေးဘူးများ အသုံးပြု၍ရ/မရနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိ မီးဘေးလုံခြုံရေးစနစ် ရှိ/မရှိ ၊ မီးချိတ် ၊ မီးကတ် ၊ သဲ ၊ ရေပုံးနှင့် အခြားမီးငြှိမ်းသတ်ရာတွင် အသုံးပြုနိုင်မည့် ပစ္စည်းများအား အလွယ်တကူ အသုံးပြုရန်နိုင်တားရှိခြင်းရှိ/မရှိတို့ကွင်းဆင်းစစ်ဆေးသည်။


ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်သူနှင့်ဝန်ထမ်းများက  မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် ရေစိုအဝတ်တို့ဖြင့် မီးငြှိမ်းသတ်ခြင်းများ လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ ဆောင်ရွက်ကြပြီး တံတားဦးမြို့တွင် အထင်ကရ နေရာဖြစ်သည့် ဗားကရာကျောင်းတော်ကိုလည်း ကွင်းဆင်းစစ်ဆေး၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)