ပန်းတောင်းမြို့နယ်တွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်လှစ်



MNP - ဇွန်   ၁၉


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ပူးပေါင်း၍ အခြေခံရှေးဦး ပြုစုခြင်းသင်တန်း (၁/၂၀၂၂)ကို ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင် ဦးဝင်းကြိုင်ကအဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ ဒေါ်သင်းသင်းအေးကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးက သင်တန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲအဖွဲ့ဝင် ဦးဝင်းကြိုင်၊မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စိုးဝါဝါ၊မြို့နယ် ကြက်ခြေနီတပ်ခွဲမှုး ဦးအောင်ကျော်ဟိန်း၊ မြို့နယ် ကြက်ခြေနီတပ်ခွဲမှူး ဦးအောင်မိုးဦးတို့မှ ကြက်ခြေနီအကြောင်း သိကောင်းစရာ၊အပူလောင်ခြင်း၊ ဒဏ်ရာအမျိုးအစား၊ ဦးစားပေးလူနာရွေးချယ်ပုံ၊ စသည့် သင်ခန်းစာများကို (၁၈-၆-၂၀၂၀)မှ (၂၀-၆၂၀၂၀)ရက်နေ့ထိ (၃)ရက် သင်တန်းကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)