ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ဆက်လက်ထိုးနှံပေး

 


MNP - ဇွန်   ၁၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားလူငယ်များ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများနှင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေး ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံမီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုယ်ရေးအချက်အလက်ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးပြီး ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးနှံပေးရမည့် သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)