ရွှေဘိုမြို့တွင် နယ်မြေဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့တွင် နယ်မြေဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်



MNP - ဇွန်   ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ဘုန်းကုန်းကျေးရွာသို့ နယ်မြေဒေသဖွံ့ဖြိုး ရေး၊ နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် တာဝန်ရှိသူများသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအား ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကွင်းဆင်းဆောင်ရွက်ရာတွင် နယ်မြေအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုဘဝများဖွံ့ဖြိုး တိုးတက်စေရေး တို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များ အား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။


ယင်းအခမ်းအနားတွင် ဒေသခံပြည်သူများအား အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံခြင်း၊ ကျေးရွာရှိ သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။


ထို့နောက် ကျေးရွာသူ၊ ကျေးရွာသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးဝါးများ ကုသပေးခြင်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်ပြီး အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ကျောင်းသား၊ ကျောင်းသူ များအတွက် ငွေကျပ်(၁)သိန်း ထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဦးမျိုးဦး (ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့) တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)