မြေပုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အကျိုးဆောင်တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အကျိုးဆောင်တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်



MNP - ဇွန်   ၁၁


မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ၂၀၂၂-၂၃ ခုနှစ်၊ မျိုးစေ့ထုတ်လုပ်ငန်း၊ စံပြကွက်၊ စမ်းသပ်ကွက် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နေ့လည်(၁၂)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပသည်။


အခမ်းအနားသို့ မြေပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ဦးခိုင်လင်းနိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းအေးခိုင်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဦးဘစောနှင့် ၂၀၂၂-၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာအုပ်စု (၅)အုပ်စုမှ မျိုးစေ့ထုတ်လုပ်မည့် အကျိုးဆောင်တောင်သူ (၂၉)ဦး၊ စံပြကွက်၊ စမ်းသပ်ကွက် ဆောင်ရွက်မည့် (၄)ဦး၊ စိုက်ပျိုးရေး နည်းပညာပေးဝန်ထမ်း (၈)ဦး တက်ရောက်ခဲ့သည်။


ထို့နောက် မြေပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ)ဦးခိုင်လင်းနိုင်မှ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ပြီး မြို့နယ်တွင်းမျိုးကောင်းမျိုးသန့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာစေခြင်းဖြင့် အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များ ထွက်ရှိလာစေရန်၊ မျိုးသန့်များအား တောင်သူများသို့ သင့်တော်သည့် နည်းလမ်းများဖြင့် ဆက်လက် ဖြန့်ဖြူးဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းအေးခိုင်မှ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူစပါးမျိုးများထက် အရည်အသွေးနှင့် အထွက်နှုန်းသာလွန်ကောင်းမွန်မှု၊ မျိုးစေ့ထုတ်လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ရာတွင် လိုက်နည်းရမည့် စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုစောင့်ရှောက် နည်းလမ်းများ၊ ရိတ်သိမ်းခြွေလှေ့ခြင်းနည်းစနစ်ကောင်းများ၊ ထွက်ရှိလာမည့် မျိုးသန့်များအား တောတင်သူများသို့ ဆက်လက်ဖြန့်ဖြူးရန် လိုအပ်သည်များကို ရှင်းလင်းပြောကြားသည်။


ထို့နေနာက် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာအုပ်စု(၅)အုပ်စုမှ အကျိုးဆောင်တောင်သူ (၂၉)ဦးအား တစ်ဧကလျှင် မျိုးသန့်မျိုးပွားမျိုးစေ့ (Registered Seed)များကို တစ်ဧကလျှင် တစ်တင်းနှုန်း စုစုပေါင်း (၁၀၀)ဧကအတွက် တင်း(၁၀၀)အားလည်းကောင်း၊ စံပြကွက်၊ စမ်းသပ်ကွက်ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူ (၄)ဦးအား မျိုးကောင်းမျိုးသန့်(၅)တင်းအား ထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။


သတင်း - တင်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)