မအီမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား








MNP ၊  ဇွန် ၂    

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊  မအီမြို့တွင် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်း ကျောင်းများစတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရှိရသည်။ 

မအီမြို့နယ်၌ အခြေခံပညာကျောင်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းများကိုဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ မအီမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့်အဖွဲ့ မှဦးဆောင်၍ တာဝန်ရှိသူတို့က သက်ဆိုင်ရာဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ဆက်လက်၍ လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြာင်း မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာကြီးဦးသန်းဝင်းထံမှ သိရသည်။ 


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)