ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး



MNP - ဇွန်  ၂၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့်  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲတွင် (၃၆၇,၈၈၁) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် ပထမအကြိမ် အသက်(၅)နှစ်မှ (၁၅)နှစ် ကျောင်းသား/သူ (၁၈၆၀၅) ဦး၊ ကျောင်းပြင် ပကလေးသူငယ် (၂၉၅) ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၄၉၆) ဦး၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့် သီလရှင် (၁၄၈၄) ဦး၊ အသက်(၁၈)နှစ်အထက် ပြည်သူ (၁၆၇၆၂၁) ဦး စုစုပေါင်း (၁၉၆၅၀၁) ဦးနှင့် ဒုတိယ အကြိမ်တွင် (၁၅)နှစ်နှင့် (၁၈) နှစ်အတွင်း သာမဏေနှင့်သီလရှင် (၁၀၃၀)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၁၃၉)ဦးနှင့် ပြည်သူ ပြည်သူ(၁၄၇၀၇၆)ဦး၊ စုစုပေါင်း(၁၅၆၂၄၅)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ (၁၅,၁၃၁) ဦးအား ကာကွယ်ဆေးများထိုးနှံပေးပြီး ဖြစ်ကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးစုရပ်များအဖြစ် အခြေခံပညာကျောင်း (၆၄) ကျောင်းနှင့် စုကြီးထန်းတောရပ်ကွက်အတွင်းရှိ မြို့တော်ခန်းမ၊ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာစသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း  သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)