ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းကို အင်းစိန်မြို့နယ်၌ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းကို အင်းစိန်မြို့နယ်၌ ဖွင့်လှစ်



MNP -  ဇွန်   ၉


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၃/၂၀၂၂)ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(ကြို့ကုန်း)၌  ဖွင့်လှစ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူးဦးမြင့်ရွှေက ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်တွင် ကြုံတွေ့ရသည့် အခက်အခဲများဖြေရှင်းနိုင်ရန်၊ ရေလုပ်သားများနှင့်ပတ်သက်သည့် ဥပဒေ၊ ကျန်းမာရေးနှင့်ပတ်သက်သည့်အသိပညာ၊ ပင်လယ်ပြင်၌ တွေ့ကြုံရမည့်နည်းလမ်းများနှင့် လုပ်ငန်းခွင်အရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ငါးလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်သင်တန်းဆရာများက ရေလုပ်သားသင်တန်းသား(၃၀)ဦးကို နံနက်(၈)နာရီအချိန်မှ ညနေ(၄)နာရီခွဲအချိန်အထိ  ဆိပ်ကမ်းအကြောင်း၊ မီးဘေးကာကွယ်ရေး၊ ရှေးဦးပြုစုခြင်း၊ ငါး၊ ပုစွန်များကိုင်တွယ်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် ရေကြောင်းပညာပေးစသည့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာများကို တစ်ရက်တာသင်တန်းအဖြစ် သင်ကြားဆွေးနွေးပို့ချခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


သတင်း - ဇွဲထက်ကို 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)