(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး (ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး (ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 




MNP - ဇွန်  ၂၀


(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်(၂၀)ရက် မွန်းလွဲ(၁)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ၂၀၂၂ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုလို ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က ရှမ်းပြည်နယ်(မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ဖမ်းဆီးရမိသည့် မူးယစ် ဆေးဝါးများကို စုစည်းပြီး တောင်ကြီးမြို့၌ မီးရှို့ဖျက်ဆီးခဲ့ရာ မူးယစ်ဆေးဝါးကာလတန်ဖိုးမှာ မြန်မာကျပ်ငွေ (၅၆၂)ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ(၃၅၁)သန်းကျော် ဖြစ်ပါကြောင်း၊ ၂၀၂၂ခုနှစ် ကမ္ဘာ့တစ်ဝှမ်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုများဆက်လက်ဖြစ်ပွားနေသော်လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း‌ရေး အထူးစစ်ဆင်ရေးများ၊ မူးယစ်ဆေးဝါးပပျောက်ရေး ဘက်စုံကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားမိတ်ဖက်အဖွဲ့အစည်များပူးပေါင်း၍ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများအနက်မှ သက်ဆိုင်ရာ တရားရုံး အသီးသီးမှ အမှုပြီးပျက်သော အမှုပေါင်း (၂၁၁၈)မှုမှ မူးယစ်ဆေးဝါး အမျိုးအစား(၁၈)မျိုး၊ ထိန်းချုပ် ဓါတု ပစ္စည်း အမျိုးအစား(၄၀)မျိုး၊ စုစုပေါင်း(၅၈)မျိုး တန်ဖိုးအားဖြင့် မြန်မာတန်ဖိုးငွေကျပ် ဘီလီယံပေါင်း (၅၁၅.၃၆)ဘီလီယံကျော် အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၇၈.၅၇)သန်းကျော်ကို တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် ရန်ကုန်မြို့၌ မူးယစ်ဆေးဝါး အမျိုးအစား(၃၃)မျိုး အမေရိကန်ဒေါ်လာသန်း (၁၉၂.၀၈၄)၊ မန္တလေးမြို့ တွင် မူးယစ်ဆေးဝါး အမျိုးအစား(၂၅)မျိုး အမေရိကန်ဒေါ်လာသန်း (၁၇၁.၂၃၁)နှင့် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး အမျိုးအစား(၅၈)မျိုး အမေရိကန်ဒေါ်လာ (၂၇၈.၅၇)သန်းကျော်၊ တစ်နိုင်ငံလုံးအနေဖြင့် မီးရှိုးဖျက်ဆီးမည့် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုး မြန်မာငွေကျပ်(၁၁၈၈.၈၂၈)ဘီလီယံကျော် အမေရိကန်ဒေါ်လာ (၆၄၂.၆၀၈)သန်းကျော်အား ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ အတွင်းရေးမှူး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုတို့က ဆွေးနွေးတင် ပြကြပြီး အမှတ်(၂) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမူးကြီး လင်းထွဋ်မြင့်မှ လုပ်ငန်ဆောင်ရကါထားရှိမှု အ‌ခြေအနေများအား ရှင်းလင်းဆွေးနွေးကာ အခမ်းအနားဖြစ်မြောက်ရေးအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာဆပ်ကော်မတီအသီးသီးမှ လုပ်ငန်းတာဝန်အလိုက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက်များ အပေါ်လိုအပ်သည်များကို ဖြည့်စွက်မှာကြားဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)