ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


MNP - ဇွန်   ၈


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက မိုးဦးကျရာသီကို ရောက်တော့မည်ဖြစ်၍ ခရိုင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများ နှင့် ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် ကျောင်းသားမိဘစသည်တို့ လူဝင်/ထွက်ကို ဆရာ/မ များအနေဖြင့် သေချာဂရုစိုက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခရိုင်အနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု ၁၈.၇၅ ရာခိုင်နှုန်းထိ ထိုးနှံပြီးပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး ဆောင်ရွက်ရာတွင် သတ်မှတ်ချက် (၁၂) ချက်အပေါ်မူတည်၍ ထိုးနှံနိုင်ရေး မြို့နယ်များအနေဖြင့် စာရင်းဇယားများဖြင့် စနစ်တကျပြုစု ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးများ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်များအနေဖြင့် ကာကွယ်ဆေးထိုးမည့်လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။


ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။


သတင်း- ထင်အောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)