တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ



MNP - ဇွန်   ၂၉


ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ရာရှိ SAKURA ဖူဆယ် အားကစားကွင်း၌ ကျင်းပရာ ပထမပွဲစဉ်အဖြစ် အမှတ်(၁၁)ရပ်ကွက်အသင်းနှင့် အမှတ်(၁၃)ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၄ဂိုး-၇ဂိုး) နှင့် အမှတ်(၁၃)ရပ်ကွက်အသင်းက အနိုင်ရရှိကာ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် အမှတ်(၁၂)ရပ်ကွက်အသင်းနှင့် အမှတ်(၁၀)ရပ်ကွက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြရာ (၃ဂိုး - ၄ဂိုး)ရလာဒ်ဖြင့် အမှတ်(၁၂)ရပ်ကွက်အသင်းက ဒုတိယဆုရရှိခဲ့ပြီး ပထမဆုဖလားကို အမှတ်(၁၀)ရပ်ကွက်အသင်းမှ ဆွတ်ခူးကာ ကိုင်မြှောက်ခွင့်ရခဲ့ကြောင်း သိရပါသည်။


အဆိုပါ အခမ်းနားသို့ အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ အဖွဲ့ဝင်(၂) ဦးသောင်းလွင်၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဝဏ္ဏထွန်း၊ ချယ်ရီဥယျာဉ်အိမ်ရာဥက္ကဋ္ဌ ဦးတင်အောင်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အားကစားချစ်မြတ်နိုးသူ ပရိတ်သတ်များ တစ်ခဲနက် တက်ရောက်အား‌ပေးခဲ့ကြပြီး ပထမဆုရ အမှတ်(၁၀)ရပ်ကွက် အသင်းအား အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုဖလားကို ချီးမြှင့်ပေးပြီး ဒုတိယဆုရ အမှတ်(၁၂)ရပ်ကွက်အသင်းအား ချယ်ရီဥယျာဉ်အိမ်ရာ ဥက္ကဋ္ဌက လည်းကောင်း၊ တတိယဆုရ အမှတ်(၁၃)ရပ်ကွက်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကလည်းကောင်း၊ နှစ်သိမ့်ဆုရ အမှတ်(၁၁) ရပ်ကွက်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ကလည်းကောင်း ဆုဖလားနှင့် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပြီး ရှေ့၊လယ်၊နောက်၊ဂိုး အကောင်းဆုံး ကစားသမားဆုများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် အားကစားသမားဟောင်းအသင်းမှ အဖွဲ့ဝင်များက အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ပထမဆုအဖြစ် ကျပ်(၅)သိန်း၊ ဒုတိယကျပ်(၃)သိန်း၊ တတိယကျပ်(၂)သိန်း၊ နှစ်သိမ့်ဆုကျပ်(၁)သိန်း၊ ပွဲစဉ်အလိုက်အကောင်းဆုံး အားကစားသမားဆု ကျပ်(၅)သောင်းနှင့် အကောင်းဆုံးအားကစားသမားဆု ကျပ်(၂)သောင်းစီ အသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီး‌မြောက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စိုးဝဏ္ဏထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)