မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ငွေများအား ငါန်းဇွန်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ငွေများအား ငါန်းဇွန်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ

 


MNP - ဇွန်   ၉


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ငွေများအား ငါန်းဇွန်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းသိန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)က အမှာစကားပြောကြားပြီး ဧပြီ ၁၈ ရက်နှင့် ၃၀ ရက်နေ့က လေဘေးဖြစ်ပွားခဲ့သည့် ကျေးရွာအုပ်စု(၈)အုပ်စု၊ ကျေးရွာ(၁၅)ရွာမှ လေဘေးသင့်အိမ်ထောင်စု(၆၂)စုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကျပ် (၁၃၃)သိန်းအား အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် လေဘေးသင့်အိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                  


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)