မြင်းခြံမြို့၌ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့၌ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုး

 



MNP - ဇွန်   ၂၄


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြင်းခြံမြို့မြို့နယ် ဂျုပ္ပင်ကျေးရွာရှိ တောင်သူဦးဇော်လွင်၏ လယ်မြေ(၁)ဧကတွင်  မိုးရာသီတိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ကျင်းပခဲ့သည်။


အဆိုပါ တိရစ္ဆာန်အစာပင်နေဗီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော တိရစ္ဆာန်အစားအစာအဖြစ် ကျွေးမွေးနိုင်စေရန်၊ ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းမွန်သော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ကြစေရန်၊ ကုန် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ချနိုင်စေရန်တို့အတွက် ရည်ရွယ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ တိရစ္ဆာန်အစာပင်နေဗီယာမြက်တွင် အသားဓာတ်(၁၄)မှ(၁၆)ရာခိုင်နှုန်းအထိ ပါဝင်ကာတစ်ဧကလျှင် ပင်ကြားတန်းကြားသုံးပေခန့်စီဖြင့် အပင်ရေ (၄၄၀၀)ပင် စိုက်ပျိုးနိုင်ပြီး ရှစ်နှစ်သက်တမ်း ရှိကြောင်း၊ စတင်စိုက်ပျိုးချိန်မှရက်(၉၀)အတွင်း ရိတ်သိမ်းနိုင်ပြီး တစ်နှစ်လျှင်ငါးကြိမ်အထိ ရိတ်သိမ်းကျွေးမွေးနိုင်ကြောင်း၊ တစ်ဧကအထွက်နှုန်းတန်(၁၀၀)ခန့်အထိ ထွက်ရှိနိုင်ပြီး နွားကောင်ရေ (၁၅) ကောင်(သို့မဟုတ်)ဆိတ်ကောင်ရေ(၁၅၀)ကောင်အထိ အစာဖူလုံစွာကျွေးမွေးနိုင်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့ နယ်ဦးစီးမှူး ဦးအောင်ခိုင်ထွေးက ပြောသည်။


ထို့နောက် တက်ရောက်လာသော တောင်သူများထံသို့ နေဗီယာမြက်မျိုးများ ဖြန့်ဝေပေးပြီး၊ တိရစ္ဆာန်အစာပင်(နေဗီယာမြက်) များ သရုပ်ပြစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)