သစ်စိမ်းမြေဩဇာထယ်မှောက်ခြင်း၊ သဘာဝမြေဩဇာထောက်ပံ့ခြင်းနှင့် ထွန်စက်နောက်တွဲ မျိုးစေ့ချကိရိယာဖြင့် အခြောက်ထယ်ရေးတွင် စပါးမျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သစ်စိမ်းမြေဩဇာထယ်မှောက်ခြင်း၊ သဘာဝမြေဩဇာထောက်ပံ့ခြင်းနှင့် ထွန်စက်နောက်တွဲ မျိုးစေ့ချကိရိယာဖြင့် အခြောက်ထယ်ရေးတွင် စပါးမျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနား ကျင်းပ




MNP - ဇွန်   ၁၁


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာထယ်မှောက်ခြင်း၊ သဘာဝမြေဩဇာထောက်ပံ့ခြင်းနှင့် ထွန်စက်နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အခြောက်ထယ်ရေးတွင် စပါးမျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ဇေယျာသရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၆၀၇ တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မြမြလွင် တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန ‌ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားရာတွင်  သစ်စိမ်းမြေဩဇာသည် မြေဆီလွှာအတွင်း အဟာရဓာတ်ဖွံ့ဖြိုးထက်သန်စေပြီး မြေဆီလွှာတိုက်စားမှုမရှိပဲ အစိုဓာတ်ကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ပါကြောင်း၊ မြေနေရာမရွေးစိုက်ပျိုးဖြစ်ထွန်းပြီး မြေတွင်းအဟာရ ဓာတ်ကြွယ်ဝစေကာ မြေဩဇာအဖြစ် အသုံးပြုနိုင်ပါကြောင်း၊ သီးနှံအထွက်နှုန်းတိုးတက်ပြီး ဓာတ်မြေဩဇာသုံးစွဲမှုကို လျော့နည်းပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် မြေဆီလွှာအဟာရဓာတ် ဖြည့်တင်းနိုင်ပါကြောင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်မှူးကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့်တောင်သူများအား သဘာဝမြေဩဇာ တစ်ဧကလျှင် (၁)တင်းအိတ် တစ်အိတ်နှုန်းဖြင့် စံပြကွက်ဧက(၁၀၀)အား ပေးအပ်ခဲ့ကာ ကွင်းအမှတ် (၁၆၀၇)အတွင်း သစ်စိမ်းမြေဩဇာထယ်မှောက်ခြင်းနှင့် ထွန်စက်နောက်တွဲ မျိုးစေ့ချကိရိယာဖြင့် အခြောက်ထယ်ရေးတွင် စပါးမျိုးစေ့ချစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)