ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့်ကျောင်းသုံးပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့်ကျောင်းသုံးပစ္စည်းများပေးအပ်




 

MNP - ဇွန်   ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ကျောင်းပညာရေးစနစ်နှင့် ကျောင်းသုံးပစ္စည်းများ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများကို အခမဲ့ထောက်ပံ့ ပေးလျက်ရှိပြီး မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို ပညာသင်အရွယ်၌ ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေပျော်စေရေးတို့အား တွန်းအားပေးဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။


ထို့နောက် ပညာသင်ထောက်ပံ့ကြေးများပေးအပ်ရာ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃)ဦး၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၃)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၃)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၄)ဦး စုစုပေါင်း(၁၃)ဦးတို့အား ထောက်ပံ့ငွေ စုစုပေါင်း(၂၄၀၀၀၀) ကျပ်နှင့် ကျောင်းသုံးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဟန်စုယဉ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)