ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပါရမီဒေါင့်ကျေးရွာတွင် ၂၀၂၂ ခုနှစ် မိုးစပါး ရာသီသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပါရမီဒေါင့်ကျေးရွာတွင် ၂၀၂၂ ခုနှစ် မိုးစပါး ရာသီသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေး




MNP - ဇွန်   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာ တောင်သူ ဦးဌေးလွင်၏ လယ်ကွင်းအမှတ်-၂၂၊ ဦးပိုင်အမှတ် ၁/၁ တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇွန်လ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


“သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို လယ်မြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်းမြေသြဇာမျိုးစေ့ ၄ ပြည်ကြဲပတ်ရပါတယ်။ ဈေးနှုန်းကတော့ ၁ ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပတ်ပြီးလို့ (၄၅)ရက်ကြာရင် ထည်ထိုးမြေမြုပ်ပြီး မြေသြဇာအဖြင့် အသုံးပြုလို့ရပါပြီ။ တစ်ဧကကို သစ်စိမ်းမြေသြဇာ အစိုတန် (၁၃.၅)တန် ထွက်ရှိပြီးယူရီးယား ဓာတ်မြေ သြဇာ(၂.၆၆)အိတ်၊ တီစူပါ (ဝ.၃၅)အိတ်၊ ပိုတက်(၁.၃၇)အိတ်နှုန်းနှင့် ညီမျှပါတယ်။ အခုယူရီးယားဓာတ်မြေသြဇာက (၁)အိတ် ကို ၈၅၀၀၀ ကျပ် လောက်ဈေးပေါက်ပါတယ်။ ပြောချင်တာကတော့ သစ်စိမ်း မြေသြဇာ ထည့်သွင်းစိုက်ပျိုးတဲ့ အခါ မျိုးစေ့ဖိုး (၁၀၀၀၀) ကျပ်သာကျပြီး ယူရီးယား(၂)အိတ်ကျော်နဲ့ ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေ သြဇာ ထည့်သွင်းစိုက်ပျိုးဖို့အကြံပြုချင်ပါတယ်လို့” မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က တောင်သူ ဦးဌေးလွင်၏ စိုက်ပျိုးမြေ (၄)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို စိုက်ပျိုးထားရှိကြောင်း၊ သစ်စိမ်းမြေသြဇာတစ်ဧက စိုက်ပျိုးလျှင် သစ်စိမ်းမြေသြဇာ အစိုတန် (၁၃.၅)တန် ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ(၂.၆၆)အိတ်၊ တီစူပါ(ဝ.၃၅)အိတ်၊ ပိုတက်(၁.၃၇)အိတ်နှုန်းနှင့် ညီမျှကြောင်းကို ဝန်ကြီးချုပ်နှင့် တောင်သူများအား ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့၊ စိုက်ပျိုးရေးဦးစီး ဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တောင်သူများတို့မှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုး မြေမြုပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများနှင့် စိုက်ပျိုးရေးကိစ္စများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)