ငဖဲမြို့နယ် တောင်ပေါ်ဒေသ ၌ ကော်ဖီစိုက်ဧက ၁၀၆၆ ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် တောင်ပေါ်ဒေသ ၌ ကော်ဖီစိုက်ဧက ၁၀၆၆ ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း



MNP - ဇွန်   ၄


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တောင်ပေါ်ဒေသ(နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အာရေဗီးကား (ဗီယက်နမ်)ကုန်းမြင့်ကော်ဖီမျိုးများကို စိုက်ပျိုးထားရာ ကော်ဖီစိုက်ဧက ၁၀၆၆ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။


ငဖဲမြို့နယ် တောင်ပေါ်ဒေသ (နတ်ရေကန်)သည် မင်းဘူး-အမ်းသွားကားလမ်း အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၅ မိနစ်နှင့် ၉၄ ဒီဂရီ ၂၆ မိနစ်ကြား၊ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၈၁၉ ပေတွင်တည်ရှိပြီး ဒေသခံတောင်သူများက ကော်ဖီ၊လက်ဖက်၊ဝဥ၊ ထောပတ်၊ ကမ္ဗလာ၊ ရှောကျခြို၊ပိန်နဲ၊ ငရုတ်၊ ငှက်ပျော၊သံပုရာစသည့် နှစ်ရှည်သီးနှံပင်များကို အများဆုံးစိုက်ပျိုးကြသည်။


ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ-သီးနှံဌာနခွဲ၊ ကော်ဖီခြံ (နတ်ရေကန်)တွင် အာရေဗီးကား (ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုး ဧက ၄၀ စိုက်ပျိုးထားပြီး တောင်ပေါ်ဒေသ ကျေးရွာများတွင် ပုဂ္ဂလိကတောင်သူစိုက်ဧက ၁၀၂၆ ဧကစိုက်ပျိုးထားသည်။


“အရည်အသွေးမြှင့်ရောင်းတန်းဝင်ကော်ဖီအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကော်ဖီစိုက် တောင်သူအစုအဖွဲ့ ဖွဲ့စည်းထားပြီး တောင်သူနည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပြီး ကော်ဖီမျိုးစေ့၊ပျိုးပင်နှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပံ့ပိုးပေးထား ကြောင်း၊ နှစ်စဉ်ကော်ဖီစိုက်ဧက တိုးတက်လာသလို အထွက်နှုန်းများလဲ တိုးတက်လာခဲ့ ကြောင်း၊ ယခုနှစ်ထွက်ရှိသော ကော်ဖီစေ့များအား ရေနံချောင်းမြို့နယ်ဘာမင်နီယာစက်ရုံ၊ ရန်ကုန်မြို့ဝင်း ကော်ဖီစက်ရုံ၊ အခါကော်ဖီအဖွဲ့နှင့် ရွာငံမြို့နယ်များမှ ကျေးရွာများအထိ ကွင်းဆင်း၍ ကော်ဖီအရည်အသွေးပေါ်မူတည်ပြီး တစ်တန်လျင်ငွေကျပ် သိန်း ၃၀ မှ ၅၀ အထိပေးဝယ်ရာ တောင်သူများဈေးကောင်းရရှိ၍ အဆင်ပြေကြောင်း၊ ကော်ဖီပင်နှင့်ဆက်စပ်ပြီး ထောပတ်၊ ဝဥ၊ လိုင်ချီး၊ လက်ဖက် စသည့်နှစ်ရှည်သီးနှံပင်များကြား ညှပ်စိုက်ပျိုးကြ၍ တောင်ပေါ်ဒေသခံ တိုင်းရင်းသားများ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း၊ ယခုနှစ်မှစ၍ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ကော်ဖီစံပြကွက် ၂ဧက ( H -528 မျိုး ၁ဧကနှင့် SL -34 မျိုး ၁ဧက)ကို စမ်းသပ်စိုက်ပျိုးထားရှိကြောင်း၊ တောင်ပေါ်ဒေသ ကျေးရွာအုပ်စု ၁၀ အုပ်စုမှ ကော်ဖီစိုက်တောင်သူများ အရည်အသွေးကောင်းမွန်သော သီးနှံများရရှိ၍ အချိန်တိုအတွင်း ခြောက်သွေ့စွာလှန်းနိုင်ရန် ရည်ရွယ်၍ ကော်ဖီခြံတွင် Solar Dryar စနစ်ဖြင့် သီးနှံအခြောက်လှန်းစင် အဆောက်အဦးတည်ဆောက်ထားရှိကြောင်းနှင့် ယခုနှစ်မိုးရာသီအမီ တောင်သူများစိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင်၊အခြားအရိပ်ရပျိုးပင်များနှင့်အတူ ကော်ဖီမျိုးစေ့များပါ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း" ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းက ပြောကြားသည်။


ငဖဲမြို့နယ် နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ်လျင်ကော်ဖီစေ့ (၂.၈)တန်နှင့် ပုဂ္ဂလိကစိုက်ခင်း များမှ (၄၃)တန်ခန့် စုစုပေါင်း (၄၅)တန်ကျော် ထွက်ရှိပြီး ၎င်းကော်ဖီများကို ရွာငံ၊ ရေနံချောင်း၊ ရန်ကုန်နှင့် ပြင်ဦးလွင်မြို့နယ် ဈေးကွက်များသို့ တစ်တန်လျှင် ငွေကျပ်သိန်း ၃၀ မှ ၅၀ နှုန်းထိ တင်ပို့ရောင်းချရကြောင်း သိရသည်။


သတင်း - မယု 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)