မောင်တောမြို့နယ်၌ ပြန်ပေးဆွဲခံရသည့် ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမ တို့ (၂)ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ်၌ ပြန်ပေးဆွဲခံရသည့် ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမ တို့ (၂)ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ






MNP ၊  ဇွန်  ၂၄ 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်၌  ဇွန် လ ၁၆ ရက်နေ့တွင် သင်္ဘောလှကျေးရွာ မူလတန်းလွန်ကျောင်း မှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော် (၂)ဦးသည်  မောင်တော မြို့သို့ မော်တော်ဆိုင်ကယ်ဖြင့်ထွက်ခွာလာရာ တောင်ပြို- ကြိမ်ချောင်းသွားကားလမ်း၌ အမည်မသိ လူတစ်စုမှဖမ်းဆီးခြင်းခံရပြီး  ပျောက်ဆုံးသွားခဲ့ရာ မှ ဇွန် ၂၃ရက်နေ့တွင် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kharang Khali   ( ခြံချောင်း ) ကျေးရွာအနီးတွင်  ပြန်လည်လွှတ်မြောက်လာခဲ့သဖြင့် အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့ မှ  မြန်မာနိုင်ငံ  အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ထံသို့ တောင်ပြိုလက်ဝဲ နှစ်နိုင်ငံချစ်ကြည်ရေး တံတားအနီး လွှဲ ပြောင်းအပ်နှံ လက်ခံဆောင်ရွက်ခဲ့သည်။   

ယင်းနောက် အမှတ်(၂) နယ်ခြားစောင့်ကွပ်ကဲမှူး အဖွဲ့မှူးရုံးမှ ဒုတိယ ကွပ်ကဲရေးမှူး ဦးဆောင်သောအဖွဲ့သည်    ကျောင်းအုပ်ဆရာကြီး  ဦးဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော် (၂)ဦးနှင့် အ တူ  ဇွန် ၂၄ ရက်နေ့ ၊ နေ့လယ် ၁ နာရီ အချိန့်ခန့်က  မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ရောက်ရှိကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ 

ဆက်လက်၍ အဆိုပါ ရုံးအစည်းအဝေးခန်းမတွင်  ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ နှင့် တွေ့ဆုံကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေဦးက ပြန်လည် လွတ်မြောက် လာသည့်အတွက်  ဝမ်းမြောက်ကြောင်း နှင့် အားပေးစကားများပြောကြားခဲ့ပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ် ပညာရေးမှူး နှင့် မိသားစုဝင်များထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)