ရန်ကင်းမြို့နယ်တွင် စူဠဝဂ္ဂပါဠိ ဘာသာအား သံဃာတော်နှင့် သီလရှင်များ ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် စူဠဝဂ္ဂပါဠိ ဘာသာအား သံဃာတော်နှင့် သီလရှင်များ ဝင်ရောက်ဖြေဆို



MNP - ဇွန်   ၁၁


ရန်ကင်းမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရနိကာယ်စာမေးပွဲကို    ယမန်နေ့ မွန်းတည့် ၁:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းစေတီတော်ဝန်းအတွင်းရှိ မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစိုးရနိကာယ်စာမေးပွဲတွင် သံဃာတော်နှင့် သီလရှင်အပါး(၉၁)ပါးရှိပြီး လာရောက်ဖြေဆို သံဃာတော်နှင့် သီလရှင် အပါး(၃၁)ပါးတို့သည်  စူဠဝဂ္ဂပါဠိ ဘာသာရပ်ကို  ဖြေဆိုခဲ့ကြောင်း မြို့နယ်သံဃာ့နာယကအဖွဲ့မှ သိရသည်။


ဗုဒ္ဓသာသနာတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိုစာမေးပွဲများကို ကျင်းပပေးရခြင်း ဖြစ်ပြီး၊ အမျိုး၊ ဘာသာ၊ သာသနာကို သက်ဝင်ယုံကြည်စေရန်နှင့် ဘာသာတရား၏ အဆုံးအမကို နားလည်သိရှိနိုင်စေရန် ဘာသာ၊ သာသနာကို တန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ဆရာတော်ကြီးများထံမှ သိရှိရသည်။


ထိုနောက်သံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဦးစီးကော်မတီနာယကအဖွဲ့ သြဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်များ၊ နိကာယ်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များဖြင့် စာဖြေသံဃာများအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း စာဖြေသံဃာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)