ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းဖွင့်လှစ်



MNP - ဇွန်  ၁


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Communty Centre) ခန်း၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းဖွင့်လှစ်သင်ကြားဆွေးနွေးလျက်ရှိကြောင်းသိရသည်။


ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)မှ သတင်းများကို အမှား/အမှန် ခွဲခြားသုံးသပ်နိုင်စေရန် သာဓကများ၊ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသော သတင်းများကို နည်းပညာ အသုံးပြုမည်သို့မည်ပုံ ပြုလုပ်ထားသည်ကို အမှားအမှန်ခွဲခြားတတ်စေရန်နှင့် သတင်းမီဒီယာ ဥပဒေ၊ သတင်းမီးဒီယာနည်းဥပဒေများ၊သတင်းမီဒီယာကျင့်ဝတ် ဥပဒေများအတိုင်း လိုက်နာကျင့်ကြံရေးသားကြရန်အမှာစကားပြောကြားသည်။


ပြီးနောက် ဦးဝင်းထိန်(ဓာတ်ပုံကျွမ်းကျင်-၂)က သတင်းမီဒီယာသမားများလိုက်နာ ရမည့်တာဝန်နှင့်ကျင့်ဝတ်များအကြောင်း ဆွေးနွေးပို့ချခြင်းနှင့် သတင်းတည်ဆောက်ပုံ၊ သတင်းရယူပုံ၊ သတင်းဓာတ်ပုံရယူခြင်းနှင့် သတင်းလက်တွေ့ရေးသားခြင်းတို့အား သင်ကြားပို့ချလျက်ရှိရာ ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ငါ့သရောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများတက်ရောက်သင်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)